Category Archives: News
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့သည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကမ်းပါးပြိုမှုကြောင့် ကျေးရွာ (၅) ရွာမှ အိမ်ခြေ (၅၄) လုံး အိမ်ထောင်စု (၅၄) စုမှ လူဦးရေ (၂၂၀) ဦးတို့ကို (၂၆-၉-၂၀၁၆) ရက်နေ့တွင် ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးပြီးဖြစ်ပါသည်။ အဆိုပါကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့သည့် ဘေးသင့်ပြည်သူများအတွက် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၅၄) အိမ်ထောင်စာ၊ ဆန်ဖိုး (၁၉၇၀၀၀) ကျပ်တိတိနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၈၀၀၀၀) ကျပ်တိတိတို့ကို (၃၀-၉-၂၀၁၆) ရက်နေ့တွင် … Read more
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ရွာလေးတောင်ပိုင်း ရွှေကျွန်းသာရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ရွာလေးတောင်ပိုင်း ရွှေကျွန်းသာရပ်ကွက်၌ (၂-၁၀-၂၀၁၆) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်တိတိ၊ ဆန်၃ရက်စာဖိုးငွေ (၅၄၀၀) ကျပ်တိတိ ထောက်ပံ့ငွေစုစုပေါင်းကျပ် (၁၀၅၄၀၀) တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ family kit (ပစ္စည်း၂ဝ မျိုးပါ) နှင့် အဖုံးပါရေပုံး (၂) ပုံးတို့အား (၃-၁၀-၂၀၁၆) … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာမှ မိုးကြိုးပစ်သေဆုံးသူတစ်ဦး၏မိသားစုထံသို့ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းကျေးရွာတွင် (၃၀-၉-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ အဆိုပါမိုးကြိုးထိမှန်သေဆုံးသူတစ်ဦး၏မိသားစုထံသို့ ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀) တိတိကို ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၃-၁၀-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
(၉) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်နှင့် (၅) ကြိမ်မြောက် အာဆီယံ +၃ ဝန်ကြီးအဆင့်အစည်းအဝေးများ တက်ရောက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် (၂၉-၉-၂၀၁၆) ရက်နေ့နှင့် (၃၀-၉-၂၀၁၆) ရက်နေ့များတွင် ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၅) ကြိမ်မြောက် အာဆီယံ +၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် (၂၉-၉-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဆိုင်ရာ အာဆီယံနိုင်ငံများ၏ ဝန်ကြီးများအလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အာဆီယံဒေသတွင်းကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သောအုပ်စုများအတွက် … Read more
-
(၂၉.၉၂၀၁၆)ရက်နေ့တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၉.၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူနှင့် ရပ်မိရပ်ဖ စုစုပေါင်းလူအင်အား (၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
(၂၈.၉၂၀၁၆)ရက်နေ့တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၉၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ ဟိုပင်မြို့၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ပြုလုပ်ခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို နည်းပြ(၉)ဦးဖြင့် (၂၇.၉.၂၀၁၆)ရက်နေ့မှ (၂၈.၉.၂၀၁၆)ရက်နေ့ထိ ဟိုပင်မြို့တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား(၃၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ပိတ်ကျေးရွာတွင် လေဘေးသင့်သေဆုံးသူများအတွက် ထောက်ပံ့ပြီးစီးမှု
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ပိတ်ကျေးရွာတွင် (၂၇-၈-၂၀၁၆ ) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀,၀၀၀/-)ကျပ်တိတိဖြင့် ငွေ (၂၀၀,၀၀၀/-) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၈-၉-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း
(၂၈-၉-၂၀၁၆)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပရာ ဆရာ/မနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ တက်ရောက်လာသူများအား အသိပညာပေးဗွီဒီယိုဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









