မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကမ်းပါးပြိုမှုကြောင့် ကျေးရွာ (၅) ရွာမှ အိမ်ခြေ (၅၄) လုံး အိမ်ထောင်စု (၅၄) စုမှ လူဦးရေ (၂၂၀) ဦးတို့ကို (၂၆-၉-၂၀၁၆) ရက်နေ့တွင် ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးပြီးဖြစ်ပါသည်။
အဆိုပါကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့သည့် ဘေးသင့်ပြည်သူများအတွက် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၅၄) အိမ်ထောင်စာ၊ ဆန်ဖိုး (၁၉၇၀၀၀) ကျပ်တိတိနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၈၀၀၀၀) ကျပ်တိတိတို့ကို (၃၀-၉-၂၀၁၆) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)