မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ရွာလေးတောင်ပိုင်း ရွှေကျွန်းသာရပ်ကွက်၌ (၂-၁၀-၂၀၁၆) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်တိတိ၊ ဆန်၃ရက်စာဖိုးငွေ (၅၄၀၀) ကျပ်တိတိ ထောက်ပံ့ငွေစုစုပေါင်းကျပ် (၁၀၅၄၀၀) တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ family kit (ပစ္စည်း၂ဝ မျိုးပါ) နှင့် အဖုံးပါရေပုံး (၂) ပုံးတို့အား (၃-၁၀-၂၀၁၆) ရက်နေ့တွင် သထုံခရိုင်ဦးစီးမှုးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကွင်းဆင်းသွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)