Category Archives: News
-
မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့မှုသတင်း
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု၊ လှည်းတန်းကျေးရွာတွင် (၄-၁၂-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားသော မီဘေးအတွက် မွန်ပြည်နယ်ဦးစီး မှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မီးလောင်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ family kit (၂ဝ) မျိုးပါ (၁) အိတ် ရေပုံးအဖုံးပါ (၂) လုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) နှင့် ဆန်ဖိုးငွေ (၁၈၀၀/-) တို့အား (၄-၁၂-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ ယူနက်စကိုရုံးချုပ်တွင် ကျင်းပ ပြုလုပ်သောမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မှုသတင်း
Source: MSWRR ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ယူနက်စကိုရုံးချုပ်တွင် ကျင်းပ ပြုလုပ်သော မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမသဘောတူစာချုပ် (၁၀) နှစ် ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအခမ်းအနား၌ မသန်စွမ်းသူများအတွက် သတင်း အချက်အလက်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ ကျွမ်းကျင် သူများဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနို်င်ငံ၌ မသန်စွမ်းသူများအတွက် သတင်းအချက်အလက် နည်းပညာသင်ကြားရေးဌာနဖွင့်လှစ်သွားနိုင်ရေးအတွက် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ Research Methodology သင်တန်းကျင်းပပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနအား အသစ်ထပ်မံဖွဲ့စည်းပြီး ဌာနမှ ဝန်ထမ်းများကိုယ်တိုင် ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် (၂၈-၁၁-၂၀၁၆) ရက်မှ (၂-၁၂-၂၀၁၆) ရက်နေ့ထိ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ ဒေါ်စန်းစန်းမြင့်အောင်မှ Research Methodology ဆိုင်ရာ သင်ခန်းစာများ၊ သုတေသန Statistics ဆိုင်ရာ လက်တွေ့လေ့ကျင့်မှုများကို ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲအခမ်းအနားကျင်းပမှုသတင်း
နေပြည်တော်၊ ဒီဇင်ဘာ (၂) Source: MSWRR ပူပြင်းခြောက်သွေ့သောရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများကို သိရှိလိုက်နာကျင့်သုံးရေးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကိုဦးတည်၍ မီးဘေးအန္တရာယ်အသိ ပညာပေး ဟောပြောပွဲနှင့်သရုပ်ပြပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃) နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ အခမ်းအနားတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လှိုင်က မီးသတိပြု ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအသိပညာပေးခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်သောသတိပြုဖွယ်ရာများနှင့် မီးဘေး ကြိုတင်ကာကွယ်ရေးစီမံချက် ဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်းများကို ဆွေးနွေးဟောပြောပြီး … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေး ပေါင်းစပ်ဆောင်ရွက်ခြင်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေး ပေါင်းစပ်ဆောင်ရွက်ခြင်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို (၁-၁၂-၂၀၁၆)ရက်နေ့နှင့် (၂-၁၂-၂၀၁၆)ရက်နေ့များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃)၊ နေပြည်တော်ရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center – EOC) တွင် ကျင်းပရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု ခင်တန်းပိုင်းနေ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ပေါင်မြို့နယ် ၊ သဲကုန်းကျေးရွာအုပ်စု ခင်တန်းပိုင်းတွင် (၃၀-၁၂-၂၀၁၆) ရက်နေ့၊ နံနက် (၀၃း၀၀) နာရီအချိန်ခန့်၌ လျှပ်စစ်ရေးနွေးအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် အိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၃) ရက်စာအတွက် (၄၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အမျိုး (၂၀) … Read more
-
အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၊ အောက်ပိုင်း၌ (၂၈-၁၁-၂၀၁၆) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ၀န်ထမ်းများမှ ကျောင်းသား/ ကျောင်းသူ (၃၃၀) ဦး၊ ဆရာ/ဆရာမ (၂၀) ဦး၊ စုစုပေါင်း (၃၅၀) ဦးတို့အား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲအား ကွင်းဆင်းဟောပြောပို့ချခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်းစာအုပ်များ၊ ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၆)ရက်နေ့က မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်တွင် သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှု ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းများပြုလုပ်ခဲ့ရာ (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်မြို့နယ် (၁၁)ရပ်ကွက်၊ စံပယ်ခြံ(၂)လမ်းတွင် (၂၉-၁၁-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၁၃)စုမှ လူဦးရေ (၅၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၁၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေကျပ် (၅၃၁၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀,၀၀၀)၊ စားဆီ (၁၃)ဖာ၊ ရေသန့် (၁၀၀)ကဒ်၊ SCG Relief bags (၅၉)ထုပ်၊ HUAWEI family kits (၁၃)ပုံး၊ ခေါက်ဆွဲခြောက်(၁၃)ဖာ၊ မြက်ဖျာ(၁၃)ခု တို့အား (၃၀-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
MAPDRR (2016) အသစ်ရေးဆွဲရေး ပထမအကြိမ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting) ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan of Disaster Risk Reduction-MAPDRR) အား ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ MAPDRR (၂၀၁၆) အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် 1st Technical Working Group Meeting အား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်၌ (၃၀-၁၁-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ … Read more









