နေပြည်တော်၊ ဒီဇင်ဘာ (၂)
Source: MSWRR
ပူပြင်းခြောက်သွေ့သောရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများကို သိရှိလိုက်နာကျင့်သုံးရေးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကိုဦးတည်၍ မီးဘေးအန္တရာယ်အသိ ပညာပေး ဟောပြောပွဲနှင့်သရုပ်ပြပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃) နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
အခမ်းအနားတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လှိုင်က မီးသတိပြု ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအသိပညာပေးခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်သောသတိပြုဖွယ်ရာများနှင့် မီးဘေး ကြိုတင်ကာကွယ်ရေးစီမံချက် ဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်းများကို ဆွေးနွေးဟောပြောပြီး တက်ရောက်လာ သူများမှလည်း ပါဝင်ဆွေးနွေးကြပါသည်။
ဆက်လက်၍ မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းအစီအစဉ်ကို ဆောင်ရွက်ရာအရာထမ်း၊ အမှုထမ်းများကလည်း လက်တွေ့စမ်းသပ်ကြည့်ရှုလေ့လာကြပါသည်။