MAPDRR (2016) အသစ်ရေးဆွဲရေး ပထမအကြိမ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting) ကျင်းပပြုလုပ်မှုသတင်း

15211686_1442968099087185_920947032_n 15239300_1442977262419602_79336786_n15301281_1442968475753814_275368541_n15281141_1443000132417315_770605029_n

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan of Disaster Risk Reduction-MAPDRR) အား ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ MAPDRR (၂၀၁၆) အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် 1st Technical Working Group Meeting အား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်၌ (၃၀-၁၁-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ UNDP မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events