၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ယူနက်စကိုရုံးချုပ်တွင် ကျင်းပ ပြုလုပ်သော မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမသဘောတူစာချုပ် (၁၀) နှစ် ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအခမ်းအနား၌ မသန်စွမ်းသူများအတွက် သတင်း အချက်အလက်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ ကျွမ်းကျင် သူများဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနို်င်ငံ၌ မသန်စွမ်းသူများအတွက် သတင်းအချက်အလက် နည်းပညာသင်ကြားရေးဌာနဖွင့်လှစ်သွားနိုင်ရေးအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းအစီအစဉ်အရ မြန်မာနိုင်ငံရှိမသန်စွမ်း သူများအတွက် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူနက်စကိုမှ သင်ရိုးညွွှန်းတမ်း ပြုစုရေးသားနိုင်ရေးအထောက်အပံ့ပေးမည် ဖြစ်ပြီးမိုက်ခရိုဆော့ (အာရှရုံးခွဲ) က လိုအပ်မည့်နည်းပညာဆိုင်ရာ အကူအညီပေးမည်ဖြစ်ပြီးဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းက လိုအပ်သော အဆောက်အဦမွမ်းမံခြင်းနှင့် ကွန်ပျူတာသင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးသွား မည်ဖြစ်ပါသည်။ အဆိုပါ Center of Excellence ကိုရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ၄င်းစင်တာသည် မသန်စွမ်းများအတွက် အရှေ့တောင်အာရှတွင် ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။
အဆိုပါအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြင်သစ်နို်င်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးဟန်သူလည်း ပါဝင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။