သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေး ပေါင်းစပ်ဆောင်ရွက်ခြင်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

1-dec-pic_02 1-dec-pic_01

သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေး ပေါင်းစပ်ဆောင်ရွက်ခြင်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို (၁-၁၂-၂၀၁၆)ရက်နေ့နှင့် (၂-၁၂-၂၀၁၆)ရက်နေ့များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃)၊ နေပြည်တော်ရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center – EOC) တွင် ကျင်းပရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events