Category Archives: News
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၆)ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ အ.ထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၃၂၀)အားသဘာဝဘေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားသဘာဝဘေး အသိပညာပေးခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သထုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပူးပေါင်း၍ (၁၄-၁၂-၂၀၁၆)ရက်နေ့တွင် သထုံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ ဒင်္ဂါးဆိပ်ကျေးရွာစာသင်ကျောင်းအလကခွဲရှိ ကျောင်းသူ/သား (၄၂၇)ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
သထုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပူးပေါင်း၍ (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ အလယ်တန်းကျာင်းရှိ ကျောင်းသူ/သား (၂၅ဝ)ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်းကာ (၁၂-၁၂-၂၀၁၆)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ ခြေခံပညာအထက်တန်း ကျောင်းခွဲရှိ ကျောင်းသူ/သား (၃ဝဝ)ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Mobile Application အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံးများမှ စုစုပေါင်း ကိုယ်စားလှယ် (၁၂)ဦး အား သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်အိမ်ထောင်စု (၅)စုမှ လူဦးရေ (၂၄) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး တန်ဖိုးငွေကျပ် (၁၁၀၃၃ဝ)၊ အိမ်ထောင်စု (၅) စုစာနှင့် ဆန် (၃)ရက်စာဖိုးငွေကျပ် (၂၁၆ဝဝ) အား (၁၂-၁၂-၂၀၁၆)ရက်နေ့တွင်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ကျရောက်နေသောကျေးရွာ(၂)ရွာအား ကွင်းဆင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၆) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှ သဘာဝဘေးအန္တရာယ်ကျရောက်နေသော ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာများသို့ သွားရောက်၍ ရွာအတွင်း ရေစိမ့်ထွက်နေမှုအခြေအနေ၊ ရေတိုက်စားပြီး ကမ်းပါးပြိုမှုအခြေအနေနှင့် ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းရေးဆိုင်ရာများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
အမျိုးသမီးများအခွင့်အရေးအပြည့်အဝရရှိရေးနှင့်ဘဝလုံခြုံဖွံ့ဖြိုးမှု ရရှိစေရေးဆောင်ရွက်ပေး
နေပြည်တော် ဒီဇင်ဘာ ၁၃ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၁.၄၁ သန်းအနက် ၅၁.၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး နိုင်ငံ၏လူဦးရေဖွဲ့စည်းမှုပုံစံအရအမျိုးသမီးများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်သဖြင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်နိုင်ဖို့နဲ့ အခွင့်အရေးအပြည့်အဝရရှိဖို့အတွက် အဓိကဦးစားပေးနယ်ပယ်(၁၂)ရပ် ပါဝင်သည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကိုရေးဆွဲခဲ့ပြီးမဟာဗျူဟာ(၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေးနယ်ပယ်တစ်ရပ်ဖြစ်သည့် အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင်နယ်ပယ်ကိုသဘာဝအရင်းအမြစ်များစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့်လိုက်လျောညီထွေဖြစ်အောင် တုန့်ပြန်ဆောင်ရွက်မှုများတွင် အမျိုးသမီးများပါဝင်နိုင်စေရေးဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်းယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Hotel ၌ ကျင်းပပြုလုပ်သည့် အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏ လိုအပ်ချက်များအားဆန်းစစ်လေ့လာမှု စာတမ်းမိတ်ဆက်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာများကို လေ့လာကြည့်ရှုပြီးအပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့သို့တက်ရောက်မှုသတင်း
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခဲ့ရာ ယနေ့မြင် တွေ့ရသောကျောင်းသားလူငယ်အများစုမှာ နယ်စပ်ဒေသမှ တိုင်းရင်းသားများအများစုဖြစ်ကြပြီး ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ပလောင်လူမျိုးနှင့် ပအိုဝ့်လူမျိုးကလေးငယ်များဖြစ်ကြကြောင်း၊ ဆယ်ကျော်သက်အရွယ်ကလေးများကို ယခုအချိန်မှလုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ပညာရေးများ သင်ကြားပေးသည့်နည်းတူ အသက်မွေးဝမ်းကျောင်းပညာရပ်ကို ဦးတည်သင်ကြားပေးစေလိုကြောင်း၊ အုပ်ထိန်းသူများကလည်း မိဘသဖွယ်မေတ္တာဖြင့် ပြုစုထိန်းကျောင်းပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပရဟိတလုပ်ငန်းကို အသိအမှတ်ပြုအားပေးထောက်ပံ့လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပရဟိတကျောင်းများကို အဆင့်အလိုက် နှစ်စဉ်ထောက်ပံ့ကြေးများ၊ ဆန်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားပြီး ကလေးငယ်များအတွက် ဆေးပဒေသာပင် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်း၊ … Read more









