ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံးများမှ စုစုပေါင်း ကိုယ်စားလှယ် (၁၂)ဦး အား သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။