Category Archives: News
-
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့ အစည်းများဖြစ်ကြသော မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (IOM) အဖွဲ့အစည်းနှင့် မိုး/ဇလဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၁၄-၁၂-၂၀၁၆) မှ (၁၆-၁၂-၂၀၁၆) ရက်နေ့အထိ သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ ဦးရေ (၂၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိ ရပါ သည်။ အဆိုပါသင်တန်းတွင် သက်ဆိုင်ရာဌာနအသီးသီးရှိ တာဝန်ရှိသူများမှ ၄င်းတို့ သက်ဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်များအား သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြဝတီမြို့ရှိ လူမှုအဖွဲ့အစည်းများ ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသအတွင်း ကြည့်ရှုလေ့လာမှုသတင်း
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေးလျက် ပြည်သူများ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များတွင် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်သော လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ပြည်သူများတက်ရောက်ကြပါသည်။ ထို့နောက်တက်ရောက်လာကြသူများက … Read more
-
ကချင်ပြည်နယ်၊ ပူတာအိုမြို့ အ.ထ.က ပူတာအိုနှင့် နတလကျောင်းတို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ အ.ထ.က ပူတာအိုနှင့် နတလကျောင်းတို့တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ အ.ထ.က ပူတာအိုတွင် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးနှင့် နတလကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦး တို့အား သဘာဝဘေးအသိပညာများအား ဟောပြောပို့ချခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စား လှယ် Ms.RenataLok-Dessallien မှ လာရောက် တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ဒီဇင်ဘာလ (၂ဝ) ရက်နေ့၊ မွန်းလွဲ(၁:ဝ၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ms.RenataLok-Dessallien လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ပေးအပ်နေမှုအခြေအနေများ၊လူမှု စီးပွားဘဝဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေဖော်ထုတ် ပေးနိုင်ရေးဆောင်ရွက်ပေးနေမှုကိစ္စရပ်များ၊ ရခိုင် ပြည်နယ်ရှိနောက်ဆုံး အခြေအနေများနှင့်ပတ်သက်၍ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် မွမ်းမံသင်တန်း (၁/၂၀၁၆) မှ သင်တန်းသားများ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) သို့ လာရောက်လေ့လာမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၁-၁၂-၂၀၁၆) ရက်နေ့မှ (၂၃-၁၂-၂၀၁၆) ရက်နေ့အထိဖွင့် လှစ်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် မွမ်းမံသင်တန်း(၁/၂၀၁၆) မှ သင်တန်းသား (၄၀) ဦးတို့သည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ လုပ်ငန်းဆောင်ရွက်မှုများအား (၂၁-၁၂-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာခဲ့ရာ အဆိုပါ သင်တန်းသားများအား တာဝန်ရှိသူများမှ (EOC) လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ သီပေါမြို့နယ်ရောက် တိုက်ပွဲရှောင်ပြည်သူ များအားထောက်ပံ့ပေးအပ်မှုသတင်း
(၂၁-၁၂-၂၀၁၆) ရက်နေ့တွင်ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သီပေါမြို့နယ် သို့ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၂၅၁) စုမှလူဦးရေ (၉၂၉) ဦး၊ အိမ်ထောင်စု (၇၄) စု စာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့်ဆန် (၃) ရက်စာအတွက် (၈၃၆၁၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ အ.ထ.က (၁၈) မှ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၂၅၀)အားသဘာဝဘေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုအတွင်းသို့ (၁၁-၁၂-၂၀၁၆)ရက်နေ့တွင်ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၃) စုမှ ကျား (၅၅)ဦး မ (၇၇)ဦး၊ စုစုပေါင်း (၁၃၂) ဦးအတွက် ကျောက်မဲမြို့ရပ်ကွက်(၈) ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့် လှစ်ပေးခဲ့ပြီး၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတန်ဖိုးငွေကျပ် (၇၂၆၂၁၇၈) အား (၁၄-၁၂-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃ဝ) မှ လူဦးရေ (၈၉) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃ဝ)စုစာ နှင့် ဆန် (၃)ရက်စာတန်ဖိုးငွေကျပ် (၈၀၁ဝဝ) အား (၁၄-၁၂-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးဌာနှင့် UNDP တို့ပူးပေါင်း၍ မြန်မာနိုင်ငံ ပြည်သူလူထု၏ သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ထိရောက်သော တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို တိုးမြှင့်ပေးခြင်းနှင့် ပြည်သူလူထု၏ အသိပညာတိုးပွားရေးလုပ်ငန်းအဖွဲ့ အလုပ်ရုံဆွေးနွေးပွဲအား (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် Grand Amara Hotel၊ နေပြည်တော်၌ … Read more









