Category Archives: News
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ DAN Mobile Application ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးမှုသတင်း
(၁၆-၁-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်အတွင်းရှိ Mobile ဖုန်းဆိုင်များ၌ DAN Mobile Application ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးခဲ့ပါသည်။ အလားတူ မြို့နယ်ထွေ/အုပ်ရုံးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် စာရေးဝန်ထမ်းများအား DAN Mobile Application ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးကာ ၄င်းတို့ထံမှတဆင့် ရပ်ရွာလူထုထံသို့ သဘာဝဘေးအန္တရာယ်ကြိုတင်အသိပေး DAN Mobile Application အသုံးပြုနည်းများ ရောက်ရှိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာအုပ်စု၊ ကြို့ပင်စုကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
(၁၆-၁-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာအုပ်စု၊ ကြို့ပင်စုကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ရှောင်ရန်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ကျေးရွာပြည်သူ (၂၈၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၇) ဖွင့်လှစ်ခြင်း
(၁၆-၁-၂၀၁၇)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၇)ကို ဖွင့်လှစ်ခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသောင်းရွှေမှ သင်တန်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား (၃၀)ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ (၁၆-၁-၂၀၁၇)ရက်နေ့မှ (၁၈-၁-၂၀၁၇)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source : မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ြပည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၂-၁-၂၀၁၇) ရက်နေ့တွင် လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ြပည်သူ အိမ်ထောင်စု (၂၆)စု မှ လူဦးရေ ကျား(၃၇) ဦး၊ မ (၅၅) ဦး၊ စုစုပေါင်း လူဦးရေ (၉၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၃)ရက်စာအတွက် ထောက်ပံ့ငွေ (၈၂၈၀၀) ကျပ်နှင့် အိမ်ထောင်စု (၂၆)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအုပ်စု၊ ကျောက်လမုကျေးရွာနှင့် တားပလပ်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှု
(၁၃.၁.၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ရေဘေးသင့်ဒေသဖြစ်သော တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအုပ်စု၊ ကျောက်လမုကျေးရွာနှင့် တားပလပ်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ စုစုပေါင်း (၆၈၀)ဦးအတွက် ခေါက်ဆွဲခြောက် (၂၀၄၀)ထုပ်၊ ကြက်ဥ(၂၀၄၀)လုံး၊ ထပ်တိုးအိမ်ထောင်စု (၃၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ ငွေ (၅၀၁,၉၀၀/-)ကျပ် တို့ကို ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော ချောင်းလမုကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မောတောင်ဒေသ အမှတ်(၉)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပြီးစီးမှု
(၁၄.၁.၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်တွင် ရေကြီးရေလျှံနေသော မောတောင်ဒေသ အမှတ်(၉)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ထပ်တိုးအိမ်ထောင်စု (၁၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၇)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၇)ရက်စာအတွက် ငွေကျပ် (၁၂၁,၈၀၀/-)ကျပ်၊ ခေါက်ဆွဲခြောက် (၃၂၄)ထုပ်နှင့် ကြက်ဥ (၃၂၄)လုံး၊ ထပ်တိုးအိမ်(၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် လိုအပ်သည်များကို မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များမှလည်း ရေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဘိသလွန်အုပ်စု ကရင်တောကျေးရွာတွင် (၁၁-၁-၂၀၁၇) နေ့ဖြစ်ပွားသော ကမ်းပြိုဘေး (၂) အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စုစာ အိမ်ဖိုး (၄၀၀၀၀/-) ဆန်ဖိုး (၆) ဦးစာ (၅၄၀၀/-) အား (၁၃-၁-၂၀၁၇) နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင် သီပေါမြို့နယ်တွင်ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၃ -၁- ၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးစီးဌာန ကျောက်မဲခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများနှင့် Islamic ReliefWorld wide IRW အဖွဲ့အစည်းတို့ ပူးပေါင်း၍ ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု (၄၅) စုမှ လူဦးရေ ၁၅၃ ဦးအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ အနွေးထည်နှင့် စောင် တန်ဖိုးငွေ (၁၆၄၇၇၅၀) ကျပ်ရှိ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးရုံး(ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးနှင့် UN-Habitat တို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ (၉-၁-၂၀၁၇) ရက်နေ့မှ (၁၃-၁-၂၀၁၇) ရက်နေ့ထိ “မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း” ကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်း၌ လပွတ္တာခရိုင်(ကဆရ)ရုံးမှ တာဝန်ရှိသူများနှင့် UN-Habitat မှ တာဝန်ရှိသူများသည် သင်တန်းသား/သင်သင်တန်းသူများအား မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သော Table Top Exercise လေ့ကျင့်ခန်းအား (၁၃-၁-၂၀၁၇) ရက်နေ့၌ ပို့ချခဲ့ပါသည်။ လေ့ကျင့်ခန်းပြုလုပ်စဉ် မုန်တိုင်းသတင်းရရှိချိန်မှစ၍ မုန်တိုင်းပြီးဆုံးသည်ထိ အဆင့် (၅) ဆင့်ဖြင့် မြို့နယ်သဘာဝဘေးကော်မတီနှင့် ပြည်သူများ ချိတ်ဆက်မိမိ ဆောင်ရွက်သည့် … Read more
-
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
(၁၄.၁.၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား အင်အား (၂၀၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်းနှင့် နံရံကပ်ပိုစတာများ ၊ လက်ကမ်းစာစောင်များအား ဝေမျှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









