ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ DAN Mobile Application ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးမှုသတင်း

 

17_pic01 17_pic02

(၁၆-၁-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်အတွင်းရှိ Mobile ဖုန်းဆိုင်များ၌ DAN Mobile Application ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးခဲ့ပါသည်။ အလားတူ မြို့နယ်ထွေ/အုပ်ရုံးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် စာရေးဝန်ထမ်းများအား DAN Mobile Application ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးကာ ၄င်းတို့ထံမှတဆင့် ရပ်ရွာလူထုထံသို့ သဘာဝဘေးအန္တရာယ်ကြိုတင်အသိပေး DAN Mobile Application အသုံးပြုနည်းများ ရောက်ရှိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events