မောတောင်ဒေသ အမှတ်(၉)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပြီးစီးမှု

15_Pic-3+4 15_Pic-5+

 

(၁၄.၁.၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်တွင် ရေကြီးရေလျှံနေသော မောတောင်ဒေသ အမှတ်(၉)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ထပ်တိုးအိမ်ထောင်စု (၁၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၇)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၇)ရက်စာအတွက် ငွေကျပ် (၁၂၁,၈၀၀/-)ကျပ်၊ ခေါက်ဆွဲခြောက် (၃၂၄)ထုပ်နှင့် ကြက်ဥ (၃၂၄)လုံး၊ ထပ်တိုးအိမ်(၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် လိုအပ်သည်များကို မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များမှလည်း ရေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source : တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events