မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းသင်တန်းဖွင့်လှစ်မှုသတင်း

14_pic01 14_pic02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးနှင့် UN-Habitat တို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ (၉-၁-၂၀၁၇) ရက်နေ့မှ (၁၃-၁-၂၀၁၇) ရက်နေ့ထိ “မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း” ကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်း၌ လပွတ္တာခရိုင်(ကဆရ)ရုံးမှ တာဝန်ရှိသူများနှင့် UN-Habitat မှ တာဝန်ရှိသူများသည်  သင်တန်းသား/သင်သင်တန်းသူများအား မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သော Table Top Exercise လေ့ကျင့်ခန်းအား (၁၃-၁-၂၀၁၇) ရက်နေ့၌ ပို့ချခဲ့ပါသည်။ လေ့ကျင့်ခန်းပြုလုပ်စဉ် မုန်တိုင်းသတင်းရရှိချိန်မှစ၍ မုန်တိုင်းပြီးဆုံးသည်ထိ အဆင့် (၅) ဆင့်ဖြင့်  မြို့နယ်သဘာဝဘေးကော်မတီနှင့် ပြည်သူများ ချိတ်ဆက်မိမိ ဆောင်ရွက်သည့် လေ့ကျင့်ခန်းများ ပါဝင်ခဲ့ပါသည်။ ညနေပိုင်းတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက သင်တန်းသား/ သင်တန်းသူ(၂၆) ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events