တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအုပ်စု၊ ကျောက်လမုကျေးရွာနှင့် တားပလပ်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှု

 

15_Pic-1+2

(၁၃.၁.၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ရေဘေးသင့်ဒေသဖြစ်သော တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအုပ်စု၊ ကျောက်လမုကျေးရွာနှင့် တားပလပ်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ စုစုပေါင်း (၆၈၀)ဦးအတွက် ခေါက်ဆွဲခြောက် (၂၀၄၀)ထုပ်၊ ကြက်ဥ(၂၀၄၀)လုံး၊ ထပ်တိုးအိမ်ထောင်စု (၃၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ ငွေ (၅၀၁,၉၀၀/-)ကျပ် တို့ကို ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော ချောင်းလမုကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source : တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events