Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ၌ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို (၂၀-၁-၂၀၁၇) ရက်နေ့မှ (၂၂-၁-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် သင်တန်းကာလ (၃) ရက်ကြာမြင့်ခဲ့ကာ သင်တန်းသား/သူ (၃၀) ဦးဖြင့် အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ ဦးသန်းစိုး (ညွှန်ကြားရေးမှူး) က သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဝန်ကြီးဌာန၏ အကောင်အထည်ဖော်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စေရန် လေ့လာကြည့်ရှုဆွေးနွေးညှိနှိုင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ရောက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သော မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မျက်မမြင်ကျောင်းသားများ၏ ကြိမ်၊ ဝါးသင်တန်းနှင့် အနှိပ်သင်တန်းများ ပို့ချသင်ကြားမှုအခြေအနေ ထပ်မံဆောင်ရွက်မည့် ကွန်ပျူတာနှင့် Audio Mixer သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ အခြားမိတ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို မျက်မမြင်သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုစုမာက … Read more
-
အင်ဒိုနီးရှားနိုင်ငံအစိုးရက လှူဒါန်းသည့်လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းအခမ်းအနား ကျင်းပမှုသတင်း
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံအစိုးရက နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒနှင့်အညီ လူသားချင်းစာနာ ထောက်ထားသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပါသည်၊ ရှေးဦးစွာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မဒမ်ရပ်နိုးအယ်(လ်)ပီမာဆူဒီ က လှူဒါန်းရသော အကြောင်းရင်းကို ရှင်းလင်း ြေပာကြားြပီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုတို့က ကျေးဇူးတင်စကားအသီးသီးြေပာကြားကြပါသည်။ ထို့နောက်လှူဒါန်းပစ္စည်းများနှင့်ပတ်သက်သော လက်ခံလွှဲြေပာင်းမှတ်တမ်းများတွင် ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် … Read more
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ IDPs ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ IDPs ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအာ စိစစ်ကြည့်ရှုရန်နှင့် ထောက်ပံ့မှုပြုရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ ဌာနဆိုင်ရာများ၊ UN, INGOs အဖွဲ့အစည်းများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းခဲ့ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ စခန်း (၄) ခု (မိုင်းနားအာရ်စီ၊ မဒိန်၊ သာဂရသရက်တော၊ လီဆူးနှစ်ခြင်း) ရှိ ထပ်မံ ရောက်ရှိလာသောတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈)၊ လူဦးရေ (၁၂၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင် အောင်ပန်းမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ ပြည်ထောင်စု ဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့်ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် DAN Mobile Application Sticker … Read more
-
ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန် သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် … Read more
-
IDP စခန်းများသို့ လောင်စာမီးသွေးခဲအိတ်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်အစိုးရ၏ စီစဉ်ညွှန်ကြားချက်အရ IDP စခန်းများဖြစ်သော ဘာဆာရာစခန်းလောင်စာမီးသွေးခဲအိတ် (၃၀၀) အိတ်၊ သက္ကေပြင်စခန်း (၆၁၄) အိတ်၊ အုန်းတောကြီးတောင်စခန်း (၄၅၀) အိတ်၊ အုန်းတောကြီးမြောက်စခန်း (၄၅၀) အိတ်၊ ဒါးပိုင် စခန်း (၃၀၀) အိတ် စုစုပေါင်း (၂၁၁၄) အိတ် တို့အား (၂၁-၁-၂၀၁၇) ရက်နေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ ဇလွန်မြို့ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့ အထက်တန်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကို (၂၀-၁-၂၀၁၇) ရက်နေ့၌ ကျင်းပခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာအုပ်စု ရေနံတောင်ကျေးရွာနေပြည်သူများအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာအုပ်စု ရေနံတောင်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို (၁၈-၁-၂၀၁၇) ရက်နေ့၌ ကျင်းပခဲ့ရာ ကျေးရွာပြည်သူပေါင်း (၁၀၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စု၊ ထိန်ပင်မြောင်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စု ထိန်ပင်မြောင်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို (၁၇-၁-၂၀၁၇) ရက်နေ့၌ ကျင်းပခဲ့ရာ ကျေးရွာပြည်သူပေါင်း (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)









