Category Archives: News
-
လွိုင်ကော်မြို့၊ သူနာပြုသင်တန်းကျောင်း၌ DAN Mobile Application အသုံးပြုနည်းအား မိတ်ဆက်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅.၁.၂၀၁၇)ရက်၌ (၁၅:ဝ၀)မှ (၁၆:၁၀)အထိ လွိုင်ကော်မြို့၊ သူနာပြုသင်တန်းကျောင်းတွင် သင်တန်းသား/သူ(၁၂၀)ဦးအား DAN Mobile Application အသုံးပြုနည်း တို့ကို မိတ်ဆက်ရှင်းလင်းပြီး၊ Application ကို Install လုပ်ပေးခြင်း၊ Sticker ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘောလခဲခရိုင်ဦးစီးမှူးရုံးတည်ဆောက်မှုအား ကြည့်ရှုစစ်ဆေးခြင်း
(၂၅.၁.၂၀၁၇)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘောလခဲခရိုင်ဦးစီးမှူးရုံး တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့နှင့်အတူ လိုက်ပါလျှက် (၆၀×၄၀×၂၈)ပေ RCC ၂ထပ် ရုံးအဆောက်အဦးတွင် Roof Beam & Parapet လုပ်ငန်းအတွက် ကွန်ကရစ်မလောင်းမီ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်ဆင်နိုင်ရန်အတွက် Action Aid မှ Waist Coat များ ပေးအပ်လှူဒါန်းခြင်း
သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးဝန်ထမ်းများ ဝတ်ဆင်နိုင်ရန်အတွက် Action Aid မှ Waist Coat (၂၀၀)ထည်အား (၂၃-၁-၂၀၁၇)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရုံးအမှတ်(၂၃)၊ နေပြည်တော်သို့ လာရောက် လှူဒါန်းခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန (နေပြည်တော်)
-
ကြိုတင်သတိပေးမှုစနစ်နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီးမှု
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် The Project for Establishment of End-to-End Early Warning System for Natural Disaster စီမံကိန်းဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၏ Final Joint Coordination Committee – JCC Meeting နှင့် End-to-End Early Warning System … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
(၂၆-၁-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ACF အဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၁၇) အား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၁-၂၀၁၇) ရက်နေ့မှ (၂၈-၁-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ တက်ရောက် သူဦးရေ (၂၈) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာခွဲ (၄) ရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးနှင့်ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄၂) လုံးမှ အိမ်ထောင်စု (၄၂) စု ၊ လူဦးရေ (၁၈၉) ဦးတို့အတွက် ဆန်ရိက္ခာ တန်ဖိုးငွေ (၁၇၀,၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ (၉၃၀,၀၀၀) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေ (၃၁၇,၀၇၀) ကျပ်တို့အား လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့် အတူ … Read more
-
ကျိုင်းတုံမြို့နယ် ၊ ကတ်ဖကျေးရွာအုပ်စု၊ အ .လ. က. ကတ်ဖကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၅-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ အ .လ. က. ကတ်ဖကျေးရွာ တွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ရေးသား၍ ကပ်ပေးခြင်း၊ ဘေးဖြစ်ပွားမှု၊ ထောက်ပံ့မှု၊ အသိပညာပေးလှုပ်ရှားမှု စသည့် မှတ်တမ်းဓါတ်ပုံများ ကပ်ခြင်း၊ သဘာဝဘေးအန္တရာယ် အကြောင်းနှင့် ဘေးမဖြစ်မီ၊ ဘေးဖြစ်ပွားချိန်၊ ဘေးဖြစ်ပွားပြီးချိန်များ၌ ဆောင်ရန်ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေးသရုပ် … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု ရွာလယ်ဓမ္ဓာရုံ၌ “DNA Mobile Application Software ” အသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ်အသိပညာ ပေးဟောပြောပွဲသတင်း
(၂၅-၁-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဦးစီး ဌာန၊ ကယ်ဆယ်ရေးနှင့်ပြည် လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု ရွာလယ်ဓမ္မာရုံ၌ “DNA Mobile Application Software” အသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ရွှေတောင်မြို့နယ်ထွေ/အုပ်မှ ဒုတိယဦးစီးမှူးဦးဆောင်သောမြို့နယ်အမျိုး သမီးရေးရာ အဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ကျေးရွာသား (၁၂၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပြည်သူ့အကျိုးစီးပွားကိုဖြည့်ဆည်းနိုင်ရေး လူမှုရေးအဖွဲ့အစည်းများနှင့် ကွန်ယက်သဖွယ်ချိတ်ဆက် ဆောင်ရွက်မည်
နေပြည်တော် (၂၅-၁-၂၀၁၇) လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးေဒါက်တာ၀င်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကလေးများအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူ၀ါဒ၊ မူကြိုနည်းပညာရပ်များနှင့်အညီ လူမှု၀န်ထမ်းနည်းလမ်းများဖြင့် ပြုစုပျိုးထောင်ပေးနိုင်ရေး သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ပြီး ကလေးများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကစားစရာနှင့် အာဟာရ ပဲနို့ရည်များကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် မူလတန်းကြိုကျောင်းခန်းမ၌ လူမှုရေးအဖွဲ့အစည်းများမှ တာ၀န်ရှိသူများ၊ လူငယ်များနှင့်တွေ့ဆုံရာ ဂုဏ်သိက္ခာနှင့် ပြည့်စုံတဲ့ လူမှုအသိုက်အ၀န်းတစ်ရပ်ဖြစ်ရန် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံနိုင်ရေးအတွက် ဆောင်ရွက်ရာမှှာ ရေရှည်တည်တံ့တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများနှင့် ဆောင်ရွက်လျက်ရှိကြောင်း၊မွေးကင်းစမှသက်ကြီးရွယ်အိုအထိလူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများနှင့် … Read more
-
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းဆိုင်များတွင် သဘာဝအန္တရာယ် ကြိုတင်သတိပေး DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံ နည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်း လူငယ်များသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် မိုဘိုင်း ဖုန်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application နှင့် KOBO Mobile Application တို့အားရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်း များနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ် ၊ အရေးကြီးဖုန်း နံပါတ်များနှင့် … Read more









