လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်း လူငယ်များသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် မိုဘိုင်း ဖုန်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application နှင့် KOBO Mobile Application တို့အားရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်း များနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ် ၊ အရေးကြီးဖုန်း နံပါတ်များနှင့် သဘာဝပညာပေး လက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application Sticker များအား ရှင်းလင်းပြောကြားခြင်းနှင့် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)