(၂၅-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ အ .လ. က. ကတ်ဖကျေးရွာ တွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ရေးသား၍ ကပ်ပေးခြင်း၊ ဘေးဖြစ်ပွားမှု၊ ထောက်ပံ့မှု၊ အသိပညာပေးလှုပ်ရှားမှု စသည့် မှတ်တမ်းဓါတ်ပုံများ ကပ်ခြင်း၊ သဘာဝဘေးအန္တရာယ် အကြောင်းနှင့် ဘေးမဖြစ်မီ၊ ဘေးဖြစ်ပွားချိန်၊ ဘေးဖြစ်ပွားပြီးချိန်များ၌ ဆောင်ရန်ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေးသရုပ် ပြသခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်းများပြုလုပ်ခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၂၃၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source : ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)