ပြည်သူ့အကျိုးစီးပွားကိုဖြည့်ဆည်းနိုင်ရေး လူမှုရေးအဖွဲ့အစည်းများနှင့် ကွန်ယက်သဖွယ်ချိတ်ဆက် ဆောင်ရွက်မည်

26_pic 02

နေပြည်တော်                                                                                       (၂၅-၁-၂၀၁၇)

  • လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး‌ေဒါက်တာ၀င်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကလေးများအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူ၀ါဒ၊ မူကြိုနည်းပညာရပ်များနှင့်အညီ လူမှု၀န်ထမ်းနည်းလမ်းများဖြင့် ပြုစုပျိုးထောင်ပေးနိုင်ရေး သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ပြီး ကလေးများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကစားစရာနှင့် အာဟာရ ပဲနို့ရည်များကို ပေးအပ်ခဲ့ပါသည်။
  • ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် မူလတန်းကြိုကျောင်းခန်းမ၌ လူမှုရေးအဖွဲ့အစည်းများမှ တာ၀န်ရှိသူများ၊ လူငယ်များနှင့်တွေ့ဆုံရာ ဂုဏ်သိက္ခာနှင့် ပြည့်စုံတဲ့ လူမှုအသိုက်အ၀န်းတစ်ရပ်ဖြစ်ရန် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံနိုင်ရေးအတွက် ဆောင်ရွက်ရာမှှာ ရေရှည်တည်တံ့တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများနှင့် ဆောင်ရွက်လျက်ရှိကြောင်း၊မွေးကင်းစမှသက်ကြီးရွယ်အိုအထိလူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများနှင့် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးနည်းလမ်းများကို ပြည်သူနှင့်အနီးစပ်ဆုံးနေပြီး ပြည်သူယုံကြည်‌မှုရရှိအောင် ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ မူ၀ါဒများနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင်ပါရှိသည့် ကိုယ်၀န်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် ငွေကြေးထောက်ပံ့ရေးအစီအစဥ်ကို ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် စတင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လူမှုအဖွဲ့အစည်းများနှင့် ကွန်ယက်သဖွယ်ပြုလုပ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
  • ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ လူမှု၀န်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန တာ၀န်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
  • ယင်းနောက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၀န်ထမ်းများက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်များရယူပေးပို့နိုင်တဲ့DANMobile Application အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများရဲ့လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးခဲ့ပါသည်။
  • ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ပခုက္ကူခရိုင်အတွင်းရှိ လူမှုရေးအဖွဲ့အစည်း(၃၀)မှတာ၀န်ရှိသူများက ၎င်းတို့ရဲ့အခက်အခဲများ၊ လိုအပ်ချက်များအားဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများက ဆွေးနွေးမေးမြန်းချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။
  • ထို့နောက်ပြည်ထောင်စု၀န်ကြီးသည်ခရိုင်လူမှု၀န်ထမ်းရုံးအဆောက်အဦဆောက်လုပ်နေမှုအားလည်းကောင်း၊ ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများအားလည်းကောင်း၊ကြည်‌့ရှုပြီး ပခုက္ကူဘိုးဘွားရိပ်သာနှင့် မျက်မမြင်ကျောင်းများသို့ သွားရောက်၍ အဘိုးအဘွားများ၊ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အလှူငွေများလှူဒါန်းခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

Sign Up

Upcoming Events