Category Archives: News
-
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့အတွင်းရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ၊် ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့ အမှတ် (၂) ရပ်ကွက်တွင် (၂၅-၁ -၂၀၁၇) ရက်နေ့ကဖြစ်ပွားသော မီးဘေးကြောင့်ဘေးသင့်အိမ်ခြေ(၅)လုံး အိမ်ထောင်စု(၉)စု လူဦးရေ(၄၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ဆန်(၃)ရက်စာ(၃၉၆၀၀ိ/-)နှင့်အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀၀ိ/-)အားတို့အား (၂၇-၁-၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှကွင်းဆင်းကာ ၀ိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူများမှတဆင့် ထောက်ပံ့ခဲ့ပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁-၂၀၁၇) ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူတစ်ဦးတို့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအသိပညာပေးေပြောဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ မြို့မိမြို့ဖနှင့်လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား (၁၂၉) ဦးတက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် DAN Mobile app ထည့်သွင်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ခုံမော်အနောက်ကမ်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်အသိ ပညာပေး ဟောပြောပွဲဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၇- ၁ -၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ခုံမော်အနောက်ကမ်း ကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများ ဟောပြောဆွေးနွေး ခြင်း၊ ရှောင်ရန်၊ ဆောင်ရန်များ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာ များ၊ ဆပ်ပြာမှုန့်ထုပ်များနှင့် မုန့်ထုပ်များဝေငှပေးခြင်း တို့ကိုပြုလုပ်ခဲ့ရာ လူဦးရေစုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် UNHabitat, Oxfam, AVSI, LWF, DRC အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးလက်မှတ်ရေးထိုးရန်အတွက် တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများသည် (၂၇-၁-၂၀၁၇) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးလက်မှတ်ရေးထိုးရန်အတွက် UNHabitat, Oxfam, AVSI, LWF, DRC အဖွဲ့အစည်းတို့မ ှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်း ထားသော DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၇-၁-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာအုပ်စု၊ တင်းဂါတ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message … Read more
-
မန္တလေးမြို့ မိုဘိုင်းဖုန်းဆိုင်များတွင် သဘာဝအန္တရာယ် ကြိုတင်သတိပေး DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံ နည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝ ဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်း များကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာ နိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီး ဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Mobile Application နှင့် DAN Mobile Application Stickerများအား ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အတွင်းတွင် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်း ထားသော DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိုဘိုင်းဖုန်းဆိုင်များတွင် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့်အရေးကြီး သတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက် ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more
-
ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၂၄-၁-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာ (၃၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၂၃၆၀၀) ကျပ်တို့အား (၂၅-၁-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ … Read more
-
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ဆတ်ကျွန်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူများသည် စိုပြေမြန်မာအဖွဲ့နှင့် ပူးပေါင်း၍ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ဆတ်ကျွန်းကျေးရွာ Cyclone Shelter တွင် အနီးပတ်ဝန်းကျင် ကျေးရွာများ သည် သဘာဝဘေးအန္တရာယ်များဆိုးရွားစွာကြုံတွေ့ခံစားရသည့်ဒေသဖြစ်ခြင်းကြောင့် ဘေးမဖြစ်မီ၊ ဘေးဖြစ် စဉ်နှင့် ဘေးဖြစ်ပြီးချိန်များတွင် လုပ်ဆောင်ရန်များအား သိရှိနိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုသင်တန်းအား (၂၄-၁-၂၀၁၇) ရက်နေ့မှ (၂၆-၁-၂၀၁၇) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများလည်း ဝေငှပေးခဲ့ပါသည်။ ထို့ပြင် DAN Mobile Application … Read more
-
ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု (အ-လ-က)(ခွဲ) မြို့ကွင်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၆-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု (အ-လ-က) (ခွဲ) မြို့ကွင်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၂၆) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)









