ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူများသည် စိုပြေမြန်မာအဖွဲ့နှင့် ပူးပေါင်း၍ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ဆတ်ကျွန်းကျေးရွာ Cyclone Shelter တွင် အနီးပတ်ဝန်းကျင် ကျေးရွာများ သည် သဘာဝဘေးအန္တရာယ်များဆိုးရွားစွာကြုံတွေ့ခံစားရသည့်ဒေသဖြစ်ခြင်းကြောင့် ဘေးမဖြစ်မီ၊ ဘေးဖြစ် စဉ်နှင့် ဘေးဖြစ်ပြီးချိန်များတွင် လုပ်ဆောင်ရန်များအား သိရှိနိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုသင်တန်းအား (၂၄-၁-၂၀၁၇) ရက်နေ့မှ (၂၆-၁-၂၀၁၇) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများလည်း ဝေငှပေးခဲ့ပါသည်။ ထို့ပြင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသားဦးရေ စုစုပေါင်း (၃၅) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)