ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အတွင်းတွင် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်း ထားသော DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း

27 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိုဘိုင်းဖုန်းဆိုင်များတွင် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့်အရေးကြီး သတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက် ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source:            ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events