ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁-၂၀၁၇) ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူတစ်ဦးတို့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအသိပညာပေးေပြောဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ မြို့မိမြို့ဖနှင့်လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား (၁၂၉) ဦးတက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် DAN Mobile app ထည့်သွင်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။