မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ခုံမော်အနောက်ကမ်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်အသိ ပညာပေး ဟောပြောပွဲဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

 

(၂၇- ၁ -၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ခုံမော်အနောက်ကမ်း ကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများ ဟောပြောဆွေးနွေး ခြင်း၊ ရှောင်ရန်၊ ဆောင်ရန်များ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာ များ၊ ဆပ်ပြာမှုန့်ထုပ်များနှင့် မုန့်ထုပ်များဝေငှပေးခြင်း တို့ကိုပြုလုပ်ခဲ့ရာ လူဦးရေစုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events