Category Archives: News
-
လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်ရပ်ကွက်တွင် သဘာ၀ဘေးဆိုင်ရာအသိပညာပေးခြင်းနှင့် DAN Mobile Application အကြောင်း ဆွေးနွေးခြင်း
ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉.၁.၂၀၁၇)ရက်နေ့၌ နံနက်(၉:၀၀)နာရီမှ (၁၀:၃၀)နာရီအချိန်အထိ လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်ရပ်ကွက်တွင် သဘာ၀ဘေးဆိုင်ရာအသိပညာပေးခြင်းနှင့် DAN Mobile Application အကြောင်း ဆွေးနွေးဟောပြောပေးခဲ့ရာ နမ့်ကွတ်ရပ်ကွက်တွင် နေထိုင်သူ ရပ်ကွက်သူ/သား စုစုပေါင်းအင်အား (၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မန္တလေးမြို့တွင် ကျင်းပသည့် အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးငယ်များ နေ့ပိုင်းစောင့်ရှောက်ရေးစင်တာဖွင့်ပွဲနှင့် Kyo Shin Co., Ltd မှ လှူဒါန်းသော အလှူငွေ လက်ခံမှုသတင်း
ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုများအတွက် စီမံချက်များချမှတ်၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များအတွက် ဥပဒေ၊ မူဝါဒ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကလေးသူငယ်ဆိုင်ရာဥပဒေ (၁၉၉၃) ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအဖြစ် အသစ်ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးသူငယ်များသည် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်ရရှိရေးဟူ၍ပါဝင်ပါကြောင်း၊ မသန်စွမ်းကလေးသူငယ်များလည်း ဤအခွင့်အရေးများကို ခံစားရရှိစေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် (၂၈-၁-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်သော မန္တလေးမြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံး၏ အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးငယ်များ နေ့ပိုင်းစောင့်ရှောက်ရေးစင်တာဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ စမ်းပေါက်ချောင်းကျေးရွာ၌ DAN Mobile Application အသုံးပြုပုံနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၂၇-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ စမ်းပေါက်ချောင်းကျေးရွာသို့သွားရောက်ကာ DAN Mobile Application အသုံးပြုပုံနှင့် အကျိုးရှိပုံတို့အား ရှင်းပြပြီးနောက် သဘာဝဘေးအသိပညာပေးဟောပြောပွဲအား ဆက်လက်ကျင်းပပြုလုပ်််ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် ACFအဖွဲ့အစည်းနှင့်ပူးပေါင်း၍ စစ်တွေမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား သင်တန်းသားဦးရေ (၂၈)ဦးဖြင့် (၂၆-၁-၂၀၁၇)နေ့မှ (၂၈-၁-၂၀၁၇)ရက်နေ့အထိ (၃)ရက်သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ အထက (၁)ခန်းမ၌ မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဒေါက်တာအောင်သန်းမောင် မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လူမှုဝန်ထမ်း၊ ပြည်နယ်မှူးမှ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ထင်လင်းက ကျန်းမာရေးဆိုင်ရာ ဟောပြောဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် အင်အား (၁၆၈) ဦး တက်ရောက်ခဲ့ကြပြီး၊ သဘာဝဘေး ပညာပေးစာစောင်များဖြန့်ဝေခြင်း၊ … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြန်အောင်မြို့နယ်၊ မြစ်ကျိုးအုပ်စု၊ အစုကြီးကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ရွာသူရွာသား (၁၂၀) တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသော ပြည်သူများအား အသိပညာပေး စာစောင်များ ဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့၊ နေခြည်ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၀၀)အား (၂၆-၁-၂၀၁၇) ရက်နေ့က သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် နမ္မတူမြို့အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၁၀)စုမှ လူဦးရေ (၁၁၆၈)ဦးအတွက် (၁) အိမ်ထောင်လျှင် ဆီ (၅၀) ကျပ်သားနှုန်းဖြင့်တန်ဖိုးငွေကျပ် (၆၂၀၀၀၀)၊ တစ်အိမ်ထောင်လျှင် ငါးသေတ္တာ (၃) ဗူးနှုန်းဖြင့် တန်ဖိုးငွေကျပ် (၃၇၂၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၉၉၂၀၀၀)အား (၂၈-၁-၂၀၁၇) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ၊ DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ဖြန့်ဝေ ရှင်းလင်းပြောကြားမှုသတင်း
(၂၇.၁.၂၀၁၇) ရက်နေ့၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ကျင်သက်ကြီးကျေးရွာနေ ပြည်သူ (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးအန္တရာယ်(၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း DAN application အကြောင်းရှင်းလင်းခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သဘာဝဘေးအန္တရာယ် (၈) မျိုး ပိုစတာများ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ၊ DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ဖြန့်ဝေ ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၆-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် သတင်းများ မိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ အသိပညာပေး လက်ကမ်းစာစောင်များပါဝင်သည့် DAN application အကြောင်း ရှင်းလင်းပြောကြားပေးပြီး လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ပြည်သူလူထု (၁၄၅) ဦး ခန့်တက် ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။









