သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ၊ DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ဖြန့်ဝေ ရှင်းလင်းပြောကြားမှုသတင်း

Thayet(26.1.2017)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၆-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် သတင်းများ မိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ အသိပညာပေး လက်ကမ်းစာစောင်များပါဝင်သည့် DAN application အကြောင်း ရှင်းလင်းပြောကြားပေးပြီး လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ပြည်သူလူထု (၁၄၅) ဦး ခန့်တက် ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events