ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ အထက (၁)ခန်းမ၌ မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဒေါက်တာအောင်သန်းမောင် မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လူမှုဝန်ထမ်း၊ ပြည်နယ်မှူးမှ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ထင်လင်းက ကျန်းမာရေးဆိုင်ရာ ဟောပြောဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် အင်အား (၁၆၈) ဦး တက်ရောက်ခဲ့ကြပြီး၊ သဘာဝဘေး ပညာပေးစာစောင်များဖြန့်ဝေခြင်း၊ DAN Application ထည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် (၁၂၃၅)ချိန်တွင် အခန်းအနားပြီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။