လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မန္တလေးမြို့တွင် ကျင်းပသည့် အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးငယ်များ နေ့ပိုင်းစောင့်ရှောက်ရေးစင်တာဖွင့်ပွဲနှင့် Kyo Shin Co., Ltd မှ လှူဒါန်းသော အလှူငွေ လက်ခံမှုသတင်း

30_pic02

30_pic01

ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုများအတွက် စီမံချက်များချမှတ်၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များအတွက် ဥပဒေ၊ မူဝါဒ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကလေးသူငယ်ဆိုင်ရာဥပဒေ (၁၉၉၃) ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအဖြစ် အသစ်ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးသူငယ်များသည် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်ရရှိရေးဟူ၍ပါဝင်ပါကြောင်း၊ မသန်စွမ်းကလေးသူငယ်များလည်း ဤအခွင့်အရေးများကို ခံစားရရှိစေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် (၂၈-၁-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်သော မန္တလေးမြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံး၏ အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးငယ်များ နေ့ပိုင်းစောင့်ရှောက်ရေးစင်တာဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးသူငယ်များ နေ့ပိုင်းစောင့်ရှောက်ခွင့်ခံစားရရှိရေးနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ထို့ပြင်ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာစစ်ဆေးပြီး လိုအပ်သော ဝန်ဆောင်မှုများကို ထိရောက်စွာဆောင်ရွက်ပေးနိုင်မည့် ECI (Early Childhood Intervention) လုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပဋိသန္ဓေတည်သည်မှစ၍ အသက် (၅) နှစ်အတွင်း လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခြင်းလိုအပ်ချက်ရှိခြင်းများကို သိရှိပါက လိုအပ်သော ဝန်ဆောင်မှု ပြုစုစောင့်ရှောက်မှုများမပေးနိုင်ခဲ့လျှင် အရွယ်လွန်မှ ပြန်လည်လေ့ကျင့်ပေးရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးများကို အချိန်မီလေ့ကျင့်ကုသမှုကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့ပြင် ဤကဲ့သို့ အထူးပြုစောင်ရှောက်မှုပေးနိုင်ရန်အတွက် လိုအပ်သော အထူးပညာရပ် အကူအညီများကို ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံ အထူးပညာရေးအသင်း၊ နယူးလိုက်ဖောင်ဒေးရှင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းသူ/အသင်းသားများ၊ မန္တလေးမြို့ပေါ်ရှိ အခြားလူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကလေးပြုစုစောင့်ရှောက်ပေးသူများနှင့် မိဘအုပ်ထိန်းသူများပါ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ‌ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ မန္တလေးမြို့တော်ဝန်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေး) မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

(၂၈-၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင်လည်း. ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ နားမကြားသော ကလေးငယ်များ ကျောင်းတွင် ကျင်းပသော ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကျိုရှင်း (Kyoshin) Co.,Ltd မှ (၁၉) ကြိမ်မြောက် လှူဒါန်းသော အမေရိကန်ဒေါ်လာ  (၁၀၀၀၀) တစ်သောင်း လှူဒါန်းပွဲသို့လည်း တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် မသန်စွမ်းသူများအတွက် ၄င်းတို့ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အခက်အခဲ အတားအဆီးများကို ထည့်သွင်းစဉ်းစားပြီး အခွင့်အရေးများရရှိစေရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တန်းတူအသက်ရှင်နေထိုင်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းများလုပ်ကိုင်ခွင့်နှင့် ပူးပေါင်းဆောင်ရွက်ခွင့်တို့ကိုလည်း ရရှိစေမည်ဖြစ်ပါကြောင်း‌ပြောကြားကာ (Kyoshin) Co.,ltd မှ လှူဒါန်းသော အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်း (၁၀၀၀၀) ကို လက်ခံရယူပါသည်။

ဆက်လက်၍ (Kyoshin) Co.,Ltd မှ ဥက္ကဌဖြစ်သူ Mr. Sadaaki Tachiki မှ လှူဒါန်းရသော အကြောင်းရင်းကို ရှင်းလင်းတင်ပြပြီး နားမကြားသော ကလေးငယ်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပါသည်။

ထို့နောက်နားမကြားသောကလေးများ သင်တန်းကျောင်းဝင်းအတွင်းရှိ နားမကြားသောကလေးငယ်များ သက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်မှု လက်သင်္ကေတပြ  သင်ကြားလေ့ကျင့်ပေးနေမှုများနှင့် ကလေးငယ်များစာဖတ်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events