Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ တာပွန်မြို့၊ ရေကြည်ကျေးရွာအုပ်စုတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ နတ္တလင်းမြို့နယ် မီးသတ်ဦးစီးမှူးနှင့် အဖွဲ့များ၊ တာပွန်မြို့မရဲစခန်းမှူးနှင့်အဖွဲ့များ၊ ရေကြည်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူ(၁၀၀)ဦး နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင်ဖြစ်ပွားသော မီးဘေးအတွက်သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်ခြေ(၂၉)လုံး၊ အိမ်ထောင်စု (၇၅)စုမှ လူဦးရေ (၄၇၂)ဦးနှင့် သီလရှင်ကျောင်း(၁၀)ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၇၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၉၉၁၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၈၀၀၀၀၀)ကျပ်နှင့် မီးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၈၈၉၁၂၀၀)ကျပ်အား (၃-၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လွှတ်တော်ကိုယ်စား လှယ်များနှင့် အစိုးရအဆင့်မြင့် အရာရှိကြီးများအား တင်ပြဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်အား ပိုမိုကျယ်ကျယ် ပြန့်ပြန့်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရေးနိုင်ရေးအတွက် ဦးဆောင် ဝန်ကြီးဌာနတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာ လွှတ်တော်ကိုယ်စား လှယ်များနှင့် ဆက်စပ်ဝန်ကြီးဌာန များ၏ပူးပေါင်းဆောင်ရွက်မှုရရှိနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအား လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ တင်ပြဆွေးနွေးခြင်း ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား (၂.၂.၂၀၁၇) ရက်နေ့၌ နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ တော့ဆန်ကျေးရွာအုပ်စု တော့ဆန်ကျေးရွာစျေးရပ်ရှိ မီးဘေးသင့် အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု(၁)စုစာ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ (၃)ရက်စာ (၄၅၀၀)ကျပ်တို့အားကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Actionaid Myanmar နှင့် ပူးပေါင်း၍ (၂-၂-၂၀၁၇)ရက်နေတွင် လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ အိုင်မကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းရှိ ကျောင်းသူ/သား စုစုပေါင်း(၃၀၀)ဦးခန့်ကို သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံကလေးများနေ့ ကျင်းပရေးကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေရေးဆွဲရေးအစည်းအဝေးသို့ တက်ရောက်မှုသတင်း
နေပြည်တော်၊ ဖေဖော်ဝါရီ (၂) ရက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကလေးများနေ့ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအဝေးကို (၂-၂-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သဖြင့် မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်ရစေပြီး ဗိုလ်ချုပ်၏ကောင်းမွန်သောကိုယ်ကျင့်တရားနှင့်ရိုးသားမှု၊ လွတ်လပ်ရေးကြိုးပမ်းအားထုတ်မှုတို့အတွက် အတုယူတတ်စေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို နားလည်သဘောပေါက်စေရန် မြန်မာတစ်နိုင်ငံလုံးတွင် အခမ်းအနားများ ကျင်းပမည်ဖြစ်ပါကြောင်း၊ … Read more
-
လပ္ပတ္တမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း
လပ္ပတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၂-၂-၂၀၁၇) ရက်နေ့တွင် လပ္ပတ္တာမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၂၃)ဦး နှင့်အမှတ် (၇) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၉၈)ဦးတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ကျင်းပခဲ့ပါသည်။
-
တနင်္သာရီတိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ (၂-၂-၂၀၁၇) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ရှမ်းမော်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးခြင်း၊ သဘာဝဘေးဆောင်ရန်/ရှောင်ရန်များနှင့် မီးသတ်ဦးစီးဌာနမှ လက်တွေ့မီးငြိမ်းသတ်ခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဒေသနေပြည်သူများ ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြိုနယ်၊ သင်းကျွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအပေါ် လိုက်လျောညီထွေနေထိုင်ခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဝေငှခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဒေသနေပြည်သူများ ၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၇) ရက်နေ့၌ ကျောက်ပန်းတောင်းမြို့နယ် အ.ထ.က (ကဗြူ)တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၃၃၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။









