မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင်ဖြစ်ပွားသော မီးဘေးအတွက်သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်ခြေ(၂၉)လုံး၊ အိမ်ထောင်စု (၇၅)စုမှ လူဦးရေ (၄၇၂)ဦးနှင့် သီလရှင်ကျောင်း(၁၀)ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၇၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၉၉၁၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၈၀၀၀၀၀)ကျပ်နှင့် မီးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၈၈၉၁၂၀၀)ကျပ်အား (၃-၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events