ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ တာပွန်မြို့၊ ရေကြည်ကျေးရွာအုပ်စုတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ နတ္တလင်းမြို့နယ် မီးသတ်ဦးစီးမှူးနှင့် အဖွဲ့များ၊ တာပွန်မြို့မရဲစခန်းမှူးနှင့်အဖွဲ့များ၊ ရေကြည်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူ(၁၀၀)ဦး နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။