Category Archives: News
-
မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လေဘေးကြိုတင်ပြင်ဆင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
(၆-၂-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လေဘေးကြိုတင်ပြင်ဆင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ မြေယာအခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း =================================================== Source – RRD ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အဆောက်အဦသစ် အစည်းအဝေးခန်းမတွင် (၇.၂.၂၀၁၇) ရက်နေ့၊ နံနက် (၉:၃၀)အချိန်၌ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် … Read more
-
မြောက်ဦးမြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနှင့် Sticker များ ဖြန့်ဝေပေးမှုသတင်း
မြောက်ဦးခရိုင််ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၇) မြောက်ဦးမြို့ပေါ်ရှိ ဖုန်းဆိုင်များ၌ DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် Sticker များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတန်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပမှုသတင်း
(၃-၂-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ကတန်ကျေးရွာ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်သူများထံသို့ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဆပ်ပြာမှုန့်ထုပ်များနှင့် Dan Mobile Application အသုံးပြုနည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကရင်ပြည်နယ် ဘားအံမြို့နယ် အမှတ်(၇)ရပ်ကွက် နဝဒေးလမ်းရှိ မီဘေးသင့် အိမ်ထောင်စု(၁) စုမှ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး အိမ်ထောင်စု(၁) စုစာ Family Kit (၁) စုံ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)နှင့် ဆန်ရိက္ခာ (၃) ရက်စာ(၇၂၀၀) ကျပ်တို့အား (၃-၂-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ပြလို့ကျေးရွာတွင် (၁-၂- ၂၀၁၇) ရက်နေ့ (၁း၀၀)အချိန်၌ မီးဘေးသင့် အိမ်ခြေ (၁)လုံး၊ အိမ်ထောင် စု(၁)စု၊ လူဦးရေ (၆) ဦး အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀) ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၅,၄၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးအား (၃-၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မအူပင်မြို့နယ်၊ ထရော်ညောင်ဝိုင်းကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထရော်ညောင်ဝိုင်းကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ(၃)ရက်စာ (၂၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၅၂၇၀၀) ကျပ်အား (၄-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မီးဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၃-၂-၂၀၁၇)ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ပိန္နဲတောကျေးရွာ၌ ရပ်ရွာနေပြည်သူအင်အား (၁ဝဝ) ခန့် အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၂-၂၀၁၆)ရက်နေ့က မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ (၂၉)လုံး၊ အိမ်ထောင်စု(၇၅)စုမှ လူဦးရေ (၄၇၂)ဦး နှင့် သီလရှင်ကျောင်း (၁၀) ကျောင်း အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၇၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၇)ရက်စာတန်ဖိုးငွေကျပ် (၉၉၁,၂၀၀)၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၇,၈၀၀,၀၀၀) နှင့် မီးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက် ပံငွေကျပ် (၁၀၀,၀၀၀) စုစုပေါင်း (၈,၈၉၁,၂၀၀)အား (၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၂-၂၀၁၆)ရက်နေ့က ဝိုင်းမော်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်တွင် နွားစာတဲအဆောက်အဦမီးလောင်ကျွမ်းမှုမှ မူကြိုကျောင်းသား (၂)ဦးသေဆုံးခဲ့ရာ သေဆုံးသူ(၂)ဦးအတွက် (၂၀၀,၀၀၀)ကျပ် အား (၅-၂-၂၀၁၇)ရက်နေ့ကသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









