ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၂-၂၀၁၆)ရက်နေ့က မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ (၂၉)လုံး၊ အိမ်ထောင်စု(၇၅)စုမှ လူဦးရေ (၄၇၂)ဦး နှင့် သီလရှင်ကျောင်း (၁၀) ကျောင်း အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၇၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၇)ရက်စာတန်ဖိုးငွေကျပ် (၉၉၁,၂၀၀)၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၇,၈၀၀,၀၀၀) နှင့် မီးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက် ပံငွေကျပ် (၁၀၀,၀၀၀) စုစုပေါင်း (၈,၈၉၁,၂၀၀)အား (၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။