လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ မြေယာအခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
===================================================
Source – RRD
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အဆောက်အဦသစ် အစည်းအဝေးခန်းမတွင် (၇.၂.၂၀၁၇) ရက်နေ့၊ နံနက် (၉:၃၀)အချိန်၌ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။