Category Archives: News
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကဒုံကနိ ကျေးရွာ၌ ပြုလုပ်သည့် “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း”(ဒုတိယနေ့) ကို (၁၄-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုခဲ့ရာ အဆိုပါ သင်တန်းတွင် သင်ခန်းစာများဆွေးနွေးပို့ချခြင်း၊ ကြိုတင် သတိပေးစနစ်အား သရုပ်ပြ လေ့ကျင့်ခြင်းနှင့် ဘေးဖြစ်နိုင်ခြေများ သည့် နေရာများအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား American Refugee Committee မှ Ms. Anne E. Goldfeld နှင့်အဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၄) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား (၁၄-၂-၂၀၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် American Refugee Committee မှ Ms. Anne E. Goldfeld နှင့်အဖွဲ့က အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် American Refugee Committee ၏ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒုက္ခသည်များနှင့် HIV ရောဂါဝေဒနာရှင်များအား ကူညီစောင့်ရှောက်မှုအတွေ့အကြုံများ၊ လူမှုဝန်ထမ်း၊ … Read more
-
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ တပ်ကုန်း၊ ထွယ်ဆန်နယ်မြေတွင် ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်း၊ ထွယ်ဆန်နယ်မြေတွင် (၁၃-၂-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော မီးဘေး အတွက် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁) အိမ်ထောင်စာနှင့် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၁,၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၁၄-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ ဖြစ်ပွားသော မီဘေးအတွက် ထပ်မံထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၁၃-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၅၀,၄၀၀) ကျပ်တို့အား (၁၄-၂-၂၀၁၇) ရက်နေ့တွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
MAPDRR (2016) ၏ 2nd Technical Working Group (TWG4) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၄-၂-၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် ၂၀၁၆ အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် “MAPDRR (2016) ၏ 2nd Technical Working Group (TWG4) အလုပ်ရုံဆွေးနွေးပွဲ” ကို Grand Amara Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
-
DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝေဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ညောင်ဖြူကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ “DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝေဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ”ကို (၁၄-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန် သတင်းများ နှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်း များနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင် သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Application … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဘွက်ကုန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို (၁၄-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင် များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်း များနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက် ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင် သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာ၌ (၆-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်၊ ခေါက်ဆွဲခြောက် (၂) ဖာ နှင့် Family Kit (၁) စုံအား (၇-၂-၂၀၁၇) ရက်နေ့တွင် ပုလဲမြို့နယ် ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ နှင့်တွေ့ဆုံပြီး လူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ပြည်သူလူထုအတွင်း အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂) နှစ်မြောက်မွေးနေ့(မြန်မာနိုင်ငံကလေးများနေ့) အား ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ပဲနို့အာဟာရတိုက်ကျွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂ဝ၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ ညနေ (၃းဝဝ) နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင်ရှိသော ဘုရားဖြူ သူငယ်တော်ယေဇူး မသန်စွမ်းနှင့်မိဘမဲ့ဂေဟာသို့ သွားရောက်၍ မိဘမဲ့ကလေးသူငယ်များ မသန်စွမ်းကလေးငယ်များ၊ မသန်စွမ်း လူငယ်များနှင့်တွေ့ဆုံပြီး မသန်စွမ်း များအား ပြုစုစောင့်ရှောက်နေမှုများကို လေ့လာကြည့်ရှုကာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူငယ်တော်ယေဇူး မသန်စွမ်းနှင့်မိဘမဲ့ ဂေဟာသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မုံရွာမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်၊ ယင်းမာမြိုင်သီလရှင်ကျောင်းတိုက်၌ (၆-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးအတွက် သီလရှင် (၂၃) ပါးအတွက် ဝတ်ရုံဖိုးငွေ (၁၆၁,၀၀၀)ကျပ်၊ စောင် (၂၃) ထည်၊ တဘက် (၂၃) ထည်၊ ခြင်ထောင် (၂၃) ထည်၊ ဆပ်ပြာ (၂၃) တောင့်နှင့် ခေါက်ဆွဲခြောက် (၈) ဖာတို့အား ယင်းမာမြိုင်သီလရှင်စာသင်ကျောင်းတိုက်သို့ (၈-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









