DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝေဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ညောင်ဖြူကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ “DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝေဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ”ကို (၁၄-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန် သတင်းများ နှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်း များနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင် သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Application အား ရှင်းလင်းပြောကြားခဲ့ပါ သည်။ ဟောပြောပွဲသို့ ညောင်ဖြူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သား (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events