ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မုံရွာမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်၊ ယင်းမာမြိုင်သီလရှင်ကျောင်းတိုက်၌ (၆-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးအတွက် သီလရှင် (၂၃) ပါးအတွက် ဝတ်ရုံဖိုးငွေ (၁၆၁,၀၀၀)ကျပ်၊ စောင် (၂၃) ထည်၊ တဘက် (၂၃) ထည်၊ ခြင်ထောင် (၂၃) ထည်၊ ဆပ်ပြာ (၂၃) တောင့်နှင့် ခေါက်ဆွဲခြောက် (၈) ဖာတို့အား ယင်းမာမြိုင်သီလရှင်စာသင်ကျောင်းတိုက်သို့ (၈-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)