သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

14_Pic_04

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဘွက်ကုန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို (၁၄-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင် များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏  ရက် (၁၀၀) အလွန် ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်း များနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက် ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင် သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေး ပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Application အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ုပြင် ကျေးရွာသူ/သားများ၏ လက်ကိုင်ဖုန်းများ၌ DAN Mobile Application အား ထည့်သွင်းပေးခဲ့ပါသည်၊၊  ဟောပြောပွဲသို့ ကျေးရွာသူ/သား (၁၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events