Category Archives: News
-
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် “3rd Regional Consultation Workshop on the New MAPDRR” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၂-၂-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ချင်းပြည်နယ် ဦးစီးမှူးရုံး (ကဆရ) နှင့် ကုလသမ္မဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အဖွဲ့အစည်းတို့ပူးပေါင်း၍ “3rd Regional Consultation Workshop on the New MAPDRR” ဒေသအဆင့်အလုပ်ရုံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၁) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို (၂၂-၂-၂၀၁၇) ရက်နေ့မှ (၂၃-၂-၂၀၁၇) ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၇) ရက်နေ့တွင် ထားဝယ်ခရိုင်၊မေတ္တာမြို့၌သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၂၂-၂-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးမြင့်စိုးနှင့် ပွင့်ဖြူမြို့ နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အဖွဲ့အစည်းများမှ (၃၅) ဦးနှင့် သင်တန်းသား (၃၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမတွင် (၂၂-၂-၂၀၁၇ ) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစီအစဉ်အရ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း မှတ်တမ်းဗွီဒီယိုဖိုင်ပြသခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးဇလဦးစီးဌာနနှင့် INGOs အဖွဲ့အစည်းများမှ သင်တန်းနည်းပြများက … Read more
-
လက်နက်ကိုင် ပဋိပက္ခအခြေအနေများနှင့် ဆက်စပ်နေသော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရေး ပဲရစ်ကတိက ဝတ်နှင့် ကျင့်ဝတ်များအား နိုင်ငံတော်က အတည်ပြုလက်မှတ်ရေးထိုးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၁) ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပပြုလုပ်သော “ပဲရစ်ကတိကဝတ်များနှင့် ကျင့်ဝတ်များ စတင်အတည်ပြုခြင်း ၁၀ နှစ်ပြည့်ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံ၌ ပြည်ထောင်စုဝန်ကြီးသည် နော်ဝေနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Ms. LAILA BOKHARI နှင့်လည်းကောင်း၊ လက်နက်ကိုင်ပဋိပက္ခ အခြေအနေနှင့်ဆက်စပ်နေသော ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Leila Zerrougui နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် “ကလေးသူငယ်များအား … Read more
-
ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် (၁၈ -၂ -၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်တွင် (၂၂-၂-၂၀၁၇) ရက်နေ့မှ (၂၄-၂-၂၀၁၇) ရက်နေ့အထိ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၇) အားဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ တက်ရောက်သူဦးရေ (၈၅) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ (၁၂) ရပ်ကွက်တွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှတာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့(၁၂) ရပ်ကွက်၌ (၂၁-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ဖိုးရိက္ခာဖိုးငွေ (၃) ရက်စာ (၅၄ဝဝိ/) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁ဝဝ,ဝဝဝိ/) ကျပ်၊ စုစုပေါင်း (၁ဝ၅,၄ဝဝိ/) ကျပ်တို့အား (၂၁-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် “ခရိုင်/မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို (၂၁-၂-၂၀၁၇) ရက်နေ့၌ ဖျာပုံခရိုင် ထွေ/အုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး ဖျာပုံ (ကဆရ) ဦးစီးမှူးမှ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ ဗေဒါ (ဘော်ကာဒီ) ကျေးရွာ၌ (၁၂-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၁,၈၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်း (၅၁၈၀၀) ကျပ်တို့အား (၂၁-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









