သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

22 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမတွင် (၂၂-၂-၂၀၁၇ ) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစီအစဉ်အရ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း မှတ်တမ်းဗွီဒီယိုဖိုင်ပြသခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးဇလဦးစီးဌာနနှင့် INGOs အဖွဲ့အစည်းများမှ သင်တန်းနည်းပြများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းကာလမှာ (၃) ရက်တာကြာမြင့်မည်ဖြစ်ပြီး တက်ရောက်သူ သင်တန်းသား/သူ (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source:          ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events