Category Archives: News
-
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီးကျေးရွာအုပ်စု၊ တောင်ခေါင်းလောင်းကျေးရွာတွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီးကျေးရွာအုပ်စု၊ တောင်ခေါင်းလောင်းကျေးရွာတွင် (၁၄ -၂ -၂၀၁၇) ရက်နေ့ကဖြစ်ပွားသည့် မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူ များသည် (၂၂-၂-၂၀၁၇) တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာအုပ်စု၊ လက်ယက်မကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာအုပ်စု၊ လက်ယက်မကျေးရွာတွင် (၂၂-၂-၂၀၁၇) ရက်နေ့ တွင် အိပ်ရာဘေးတွင် ခြင်ဆေးခွေထွန်းထားခဲ့သဖြင့် စောင်ပေါ်သို့ ခြင်ဆေးခွေလဲကျရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေး သင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၁) ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၉၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား မြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၃-၂-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူ၏ … Read more
-
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ လွဲဆွန်းကျေးရွာရှိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ၏ မိသားစုဝင်များထံ သွားရောက်ထောက်ပံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)မှတာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့တွင် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ လွဲဆွန်းကျေးရွာနေ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မစိုးစိုးအေးအတွက် ထောက်ပံ့ငွေ ကျပ် (၁၀၀,၀၀၀ိ/-) အား (၂၁-၂-၂၀၁၇) ရက်နေ့တွင် မိသားစုဝင်များထံ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာအုပ်စု၊ ဆပ်ကျာ(ဘင်္ဂလီ) ရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၇) ရက်နေ့ တွင် မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာအုပ်စု၊ ဆပ်ကျာ (ဘင်္ဂလီ) ရွာ၌ နေအိမ်မီးဖိုမီးကြွင်း မီးကျန်မှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ မ (၁) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူ အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၁) စုစာ ဆန်ရိက္ခာဖိုး (၃) ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်အား … Read more
-
DAN Mobile Application အသုံးပြုပုံ၊ အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်းသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်ကြိုး တံတားအနီးရှိ ဖုန်းအရောင်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ အားပြည်သူများသိရှိနိုင်စေရန် DAN Mobile Application Software ဖြန့်ဝေပေးခြင်း၊ ထည့်သွင်း အသုံးပြုနိုင်ရေး တိုက်တွန်းခြင်း၊ အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဖုန်းအရောင်းဆိုင်များတွင် DAN Mobile Application Software စတစ်ကာများ ကပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်၊၊ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွာသစ် ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာ၌ သဘာဝဘေးစီမံခန့်ခွဲမှု အသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် အတူလိုက်လျောညီထွေနေထိုင်ခြင်း၊ အဖြစ်များ သောဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာ စောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းများကို ပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၄၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျောက်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်တွင်ဖြစ်ပွားသောမီးဘေးအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၌ (၂၂-၂-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၉၉၀၀ိ/) ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၀၉,၉၀၀ိ/-) ကျပ် တို့အား (၂၂-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာ၌ (၂၁-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဘော်ဒါဆောင် (၁) ဆောင် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခံရသော အဆောင်ပိုင်ရှင်အား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ကျောင်းသား (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး တို့အား (၂၂-၂-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ ပုလဲပေါက်ကျေးရွာအုပ်စု၊ ပုလဲပေါက်ကျေးရွာတွင် (၁:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ကျေးရွာဘုန်းကြီးကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၄၆) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၇) ရက်နေ့တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာခွဲအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၈၉) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)









