Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိ သူများသည် (၂၇ – ၂ – ၂၀၁၇) ရက်နေ့တွင် မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းဝေး ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့် ပက်သက်ပြီးပြည်သူသို့ပန်ကြားချက်ဖြန့်ဝေခြင်း၊ DAN Mobile Application Software များဖြန့်ဝေပေးခြင်း၊ DAN Mobile Application Software စတစ်ကာများကပ်ပေးခြင်းနှင့် Disaster Management Law များဖြန့်ဝေခြင်းတို့ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေးစုစုပေါင်း (၁၂၅) ဦး တက်ရောက်ကြောင်းသတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၁၇) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ကုလားခတ်ကျေးရွာအုပ်စု၊ အိုင်တိုလေးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ညောင်ပင်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၄-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းမှ သံဃာ (၂) ပါးအတွက် သင်္ကန်းဒွိစုံ (၂) စုံဖိုးငွေ (၃၀၀၀၀) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ထောက်ပံ့လှူဒါန်းငွေစုစုပေါင်း (၂၃၀၀၀၀) ကျပ်တိတိအား မကွေးတိုင်းဒေသကြီး (ကဆရ) မှ တာဝန်ရှိသူများသည် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၂၇-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်၊ ပုလုံးတုံးတုံးကျေးရွာ၌ သဘာဝဘေးအသိပညားပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများထံ သဘာဝဘေးအသိပညာပေးနံရံပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ခြင်းသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)၏ ကြီးကြပ်မှု နှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းကို (၂၅ – ၂ -၂၀၁၇) ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ရာ ထိုဇာတ်တိုက်လေ့ကျင်းခန်းတွင် ဘေးအန္တရာယ်ကျရောက်ပါက ကျေးရွာလူထုအနေဖြင့် ယခုလေ့ကျင့်ခန်းမှ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်နိုင်စေရန်နှင့် ကျရောက်လာမည့် ဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျေးရွာသူ/သား စုစုပေါင်းလူဦးရေ (၄၅၀) ဦးခန့် … Read more
-
ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့် DAN Mobile Application ရယူအသုံးပြုနည်းများ ပို့ချပေးမှုသတင်း
ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၄-၂-၂၀၁၇) ရက်နေ့မှ (၂၆-၂-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့် DAN Mobile Application ရယူအသုံးပြုနည်းများကို (၂၄-၂-၂၀၁၇) ရက်နေ့တွင် ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ခရွဲတန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၃-၂-၂၀၁၇) ရက်နေ့၊ (၂၂:၁၅) နာရီအချိန်တွင် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ခရွဲတန်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၇၄) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စာ၊ Family Kit (၁၆) ပုံး၊ လူဦ်းရေ (၇၄) ဦးအတွက် ဆန်ဖိုးငွေ (၆၆၆၀၀) ကျပ်နှင့် အိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၄၁၆၆၀၀) ကျပ်တို့ကို … Read more
-
ဟားခါးမြို့၊ စျေးသစ်ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၄-၂-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၊ ချယ်ရီလမ်းနှင့် အ.ထ.က (၁) ပညာရေးဝန်ထမ်းအိမ်ယာဘေးလမ်းကြားရှိ အိမ်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၇) စုမှ လူဦးရေ ကျား(၁၂)၊ မ(၁၄)၊ စုစုပေါင်း (၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄) မျိုး၊ Family Kit (၇) အိတ်၊ JICA စောင်(၇)ထည်၊ ရေပုံးအပြာရောင် (၇) ပုံး၊ … Read more
-
ကော့သောင်းမြို့နယ်၊ သောင်ဖြူကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၅-၂-၂၀၁၇) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ သောင်ဖြူကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ကျေးရွာနေပြည်သူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများထံသို့ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ စာအုပ်များ၊ ဘောလ်ပင်များနှင့် မုန့်များဝေငှခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
(၂၄-၂-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ် ဖြစ်ပွားမှုနှင့်အတူ လိုက်လျောညီထွေနေထိုင်ခြင်း၊ အဖြစ်များသောဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား (၂၄၀)ဦးတက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)









