ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)၏ ကြီးကြပ်မှု နှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းကို (၂၅ – ၂ -၂၀၁၇) ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ရာ ထိုဇာတ်တိုက်လေ့ကျင်းခန်းတွင် ဘေးအန္တရာယ်ကျရောက်ပါက ကျေးရွာလူထုအနေဖြင့် ယခုလေ့ကျင့်ခန်းမှ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်နိုင်စေရန်နှင့် ကျရောက်လာမည့် ဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျေးရွာသူ/သား စုစုပေါင်းလူဦးရေ (၄၅၀) ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)