Category Archives: News
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးတွင် သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ရွှေရတုခန်းမတွင် DAN Mobile Application အသုံးပြုပုံများနှင့် သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုများကို (၂၀-၃-၂၀၁၇)ရက်နေ့တွင်ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ရွာနေပြည်သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးတွင် အလင်းရောင်စီမံကိန်းကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ ပြင်ဆင်ဖြည့်စွက်ချက် (MoU-Amendment) လက်မှတ်ရေးထိုးခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Pact in Myanmar အဖွဲ့အစည်းတို့သည် တနင်္သာရီတိုင်းဒေသကြီးတွင် အလင်းရောင်စီမံကိန်းကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ ပြင်ဆင်ဖြည့်စွက်ချက် (MoU-Amendment) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို (၂၀-၃-၂၀၁၇)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အဆောက်အအုံသစ်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ Source: RRD
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာ၊ စာကြည့်တိုက်၌ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောပွဲ အား (၁၉-၃-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး (ကဆရ) ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင် များ၊ ပိုစတာများ ဖြန့်ဝေခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၁၇) ရက်နေ့တွင် မင်းလှမြို့နယ် သဲကောကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအဖွဲ့တို့ပူးပေါင်း၍ ဝမ်ပုံကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၁၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြေငလျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်မြေငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ကျင်းပမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် မြေငလျင်ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မြေငလျင်ဘေး အန္တရာယ် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း(မြို့ပြ)ကို (၁၈-၃-၂၀၁၇) ရက်နေ့က ကျင်းပခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် အခြားသက်ဆိုင်ရာ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ Seeds Asia၊ DRRWG၊ Myanmar rescue၊ Plan International Myanmar စသည့် INGOs၊ NGOs အဖွဲ့အစည်းများ နှင့် … Read more
-
“အမျိုးသမီးများ အလုပ်အကိုင်အခွင့်အရေးရရှိရေး စီမံကိန်းအသစ်ရှင်းလင်းပွဲ” တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်စကား ပြောကြား
ရန်ကုန်၊ မတ်လ (၁၉) ရက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်သူများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံလူဦးရေထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်၍ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်ကိုယ်စား မိမိတို့ဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ပြည်သူ့အစိုးရအဖွဲ့သစ်၏ မူဝါဒများနှင့်အညီ ၂၀၁၆ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုတက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများကိုလည်း ထည့်သွင်းဖွဲ့စည်းထားရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းနယ်ပယ်(၁၂)ရပ်ပါရှိသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲထားရှိပြီး လုပ်ငန်းများကို အကောင်အထည်ဖော် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၁၇) ရက်နေ့တွင် တုံတာမြို့၊ အ.မ.က ကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေး၊ လေပြင်ဘေနှင့် မြေငလျင်နှင့် ပတ်သက်သည့် အထူးလိုက်နာဆောင်ရွက်ရန်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပုသိမ်မြို့နယ်၊ ရွာဟောင်းကြီးကျေးရွာအုပ်စု၊ ရွာဟောင်းကြီးကျေးရွာ၊ ပုသိမ် – မော်တင်ကားလမ်းဘေး၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွာဟောင်းကြီးကျေးရွာအုပ်စု၊ ရွာဟောင်းကြီးကျေးရွာ၊ ပုသိမ် – မော်တင်ကားလမ်းဘေး၌ (၁၆-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၈၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ ဝါးအိမ်(၂)လုံးအတွက် (၁၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၈၁၀၀) ကျပ်အား (၁၇-၃-၂၀၁၇) ရက်နေ့တွင် … Read more
-
သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၁၇-၃-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ကုလာဘာတောင်ကျေးရွာနေ ဦးစံထွန်းကျော်ပိုင် စက်လှေသည် နဂါးမောက်အငူအရောက်တွင် စက်လှေအင်ဂျင်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျား (၂) ဦး၊ မ(၄) ဦး စုစုပေါင်း (၆) ဦးသေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံးသူများအတွက် တစ်ဦးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၆၀၀,၀၀၀) ကျပ်တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ (၁၈-၃-၂၀၁၇) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများရှေ့တွင် သွားရောက် … Read more









