Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာအုပ်စု၊ လက်ထုပ်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအားရှင်းလင်းပြောကြားပြီး မိုဘိုင်းဖုန်းများသို့ ထည့်သွင်းဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၅၀) ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ စစ္စေးချောင်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၁၈-၃-၂၀၁၇) ရက်နေ့၊ (၁၄း၁၅) နာရီအချိန်တွက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ စစ္စေးချောင်းကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၅) လုံး အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၉) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စာအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မီးဘေးထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ မင်းဘူးလမ်းတွင် (၁၈-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂)လုံးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်ခြေ (၂)လုံးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသွားရောက်ထောက်ပံ့ခဲ့ရာ သွပ်မိုးတိုက်ခံ လူနေအိမ် (၁)လုံးအတွက် (၂၀၀၀၀၀)ကျပ်၊ သွပ်မိုးပျဉ်ထောင် လူနေအိမ် (၁)လုံးအတွက် (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၂)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၆၃၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၃၀၆၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါ (၂)ပုံးနှင့် Family Kits … Read more
-
မွန်ပြည်နယ်၊ ရာမညဟိုတယ်၌ MAPDRRအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် UNDP တို့ပူးပေါင်း၍ “MAPDRRအလုပ်ရုံဆွေးနွေးပွဲ” ကို မွန်ပြည်နယ်၊ ရာမညဟိုတယ်၌ (၂၁-၃-၂၀၁၇) မှ (၂၂-၃-၂၀၁၇) ထိ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၁၇-၃-၂၀၁၇) ရက်နေ့တွင် မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရရာ အဆိုပါမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ဖိုးငွေ (၉၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ FamilyKit (၂) ထုပ်နှင့် ပလပ်စတစ်ရေပုံး (၄) ပုံးတို့အား (၁၇-၃-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
လေဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရွေတော်ကျေးရွာတွင် (၁၂-၃-၂၀၁၇) ရက်နေ့ဖြစ်ပွားသော လေဘေးဒဏ်ကြောင့်ဘေးသင့် အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ဆန်ရိက္ခာဖိုးငွေ (၂၀၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၇၀၀၀၀)ကျပ်တို့ကို (၂၁-၃-၂၀၁၇)ရက်နေ့တွင်် ထောက်ပ့ံပေး အပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကျောသာကျေးရွာအုပ်စုရှိ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကျောသာကျေးရွာအုပ်စု၊ ကောက်ပုံကွင်းကျေးရွာ၌ (၂၀-၃-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်ခြေ(၁)လုံး ပြိုလဲပျက်စီးခဲ့ပါသည်။ အဆိုပါအိမ်ထောင်စုအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီး မှူးရုံးမှ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာ (၅၄၀၀)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါ (၁)ပုံး တို့အား (၂၂-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၃/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၂-၃-၂၀၁၇) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း (၃/၂၀၁၇) အား ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် တွံတေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းသို့ တက်ရောက်သူဦးရေ (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၌ “DAN Mobile Application Software ရယူအသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ”ကို (၂၀-၃-၂၀၁၇) နေ့ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြေပွဲသို့ စံရွေးနယ်မြေရဲစခန်းမှူးအဖွဲ့နှင့် ကျေးရွာနေပြည်သူ (၁၁၁)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းကို (၂၀-၃-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၀-၃-၂၀၁၇) မှ (၂၂-၃-၂၀၁၇) ထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)









