Category Archives: News
-
ဘားအံမြို့နယ်၊ ကော့မူးတာကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၂၀-၃-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့မူးတာကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ် (၁) လုံးမီးလောင်ခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်သူအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်နှင့် ဆန်(၃)ရက်စာဖိုးငွေ (၉၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၀၉၀၀) ကျပ်တိတိကို ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၂-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့၊ နံနက် (၁ဝး၃၀) အချိန်တွင် ကလောမြို့နယ် ဘော်ဆိုင်းအုပ်စု၊ သဲကုန်းကျေးရွာနှင့် မွန်းလွဲ (၁း၃၀) အချိန်တွင် ကျောက်ထပ်အုပ်စု၊ ကျောက်ထပ်ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများသို့ ကျေးရွာသူ/သား စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ်ဆည်ကျေးရွာအုပ်စု၊ နန်းဟူကျေးရွာ ကျိုက်ထီးရိုးဘုန်းကြီးကျောင်းမီးလောင်ကျွမ်းမှုအတွက် အလှူပစ္စည်းများနှင့် အလှူငွေများထောက်ပံ့မှုသတင်း
(၁၀-၃-၂၀၁၇) ရက်နေ့၌ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ်ဆည်ကျေးရွာအုပ်စု၊ နန်းဟူကျေးရွာ ကျိုက်ထီးရိုးဘုန်းကြီးကျောင်း မီးလောင်ကျွမ်းခဲ့ရာ ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ မီးဘေးသင့်သံဃာတော်များအတွက် (၁၁-၃-၂၀၁၇) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အတွင်း မိုးကာလိပ် (၁) လိပ်၊ (၆) ဦးဆံ့မိုးကာတဲ (၁) လုံး၊ ဒန်အိုး (၄) လုံးနှင့် Family Kit (၂) စုံတို့ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ ယင်းနောက် (၁၇-၃-၂၀၁၇) ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အဆိုပါဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ သင်္ကန်း (၂) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၂၃-၃-၂၀၁၇) ရက်နေ့တွင် တွံတေးမြို့နယ်၊ အိုးဖိုအနောက်ရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ဆိုင်သော အသိပညာများ၊ ဆောင်ရန်/ရှောင်ရန် ဗဟုသုတများ မျှဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၁၇) ရက်နေ့မှ (၁၉-၃-၂၀၁၇) ရက်နေ့ထိ ကယားပြည်နယ်၊ နာနတ်တော၌ ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် နာနတ်တောတိုက်နယ် ကက်သလစ်လုပ်ငန်းအဖွဲ့နှင့် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်လာသူ (၁၅၀) ဦးတို့အား (၁၈-၃-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
(၂၁-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း” ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ချင်းပြည်နယ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းမိတ်ဆက်စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အ.ထ.က (၁) ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၃/၂၀၁၇) အား (၂၂-၃-၂၀၁၇) ရက်နေ့မှ (၂၄-၃-၂၀၁၇) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ဖွင့်လှစ် သင်ကြားမည် မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူ သင်တန်းသား/သင်တန်းသူဦးရေ (၄၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ဒီးဒူးကုန်းကျေးရွာရှိ ထူပါရုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲအားပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၂၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက် လာသူ ကျေးရွာပြည်သူများအား လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လားရှိုးမန်ဆူရှမ်းကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လောက်ကိုင်ဒေသတွင် ဖြစ်ပွားလျက်ရှိ်သော ဖြစ်စဉ်များကြောင့် လားရှိုးမန်ဆူရှမ်းကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၂၀၆၃) ဦးအတွက် ဆန် (၇) ရက်စာ (၄၃၃၂၃၀၀) ကျပ်၊ ဆီဘိုးထောင်ပ့ံငွေ (၈၂၆၀၀၀) ကျပ်၊ ငါးသေတ္တာဘိုးထောက်ပ့ံငွေ (၄၉၅၆၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၅၆၅၃၉၀၀) ကျပ် (ငါးဆယ့်ခြောက်သိန်းငါးသောင်းသုံးထောင်ကိုးရာကျပ်တိတိ) အား တာဝန်ရှိသူများနှင့်အတူ (၂၁-၃-၂၀၁၇) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ ကြအိုကျေးရွာ၌သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင် သဘာဝဘေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၈၅) ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)









