ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ်ဆည်ကျေးရွာအုပ်စု၊ နန်းဟူကျေးရွာ ကျိုက်ထီးရိုးဘုန်းကြီးကျောင်းမီးလောင်ကျွမ်းမှုအတွက် အလှူပစ္စည်းများနှင့် အလှူငွေများထောက်ပံ့မှုသတင်း

23_pic0423_pic03 23_pic05

(၁၀-၃-၂၀၁၇) ရက်နေ့၌ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ်ဆည်ကျေးရွာအုပ်စု၊ နန်းဟူကျေးရွာ ကျိုက်ထီးရိုးဘုန်းကြီးကျောင်း မီးလောင်ကျွမ်းခဲ့ရာ ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ မီးဘေးသင့်သံဃာတော်များအတွက် (၁၁-၃-၂၀၁၇) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အတွင်း မိုးကာလိပ် (၁) လိပ်၊ (၆) ဦးဆံ့မိုးကာတဲ (၁) လုံး၊ ဒန်အိုး (၄) လုံးနှင့် Family Kit (၂) စုံတို့ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

ယင်းနောက် (၁၇-၃-၂၀၁၇) ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အဆိုပါဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ သင်္ကန်း (၂) စုံနှင့် ကျောင်းဆောက်ပစ္စည်းဖိုးစုစုပေါင်း (၂၂၆ဝဝဝ) ကျပ်တိတိကို ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events