ဘားအံမြို့နယ်၊ ကော့မူးတာကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း

23_pic01
(၂၀-၃-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့မူးတာကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ် (၁) လုံးမီးလောင်ခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်သူအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်နှင့် ဆန်(၃)ရက်စာဖိုးငွေ (၉၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၀၉၀၀) ကျပ်တိတိကို ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၂-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events